ခြုံငုံရှင်းလင်းချက်

研究領域
ပုံ-(၁)။ သုတေသနနယ်ပယ်များ

ကျွန်ုပ်တို့၏ အသိဥာဏ်ရှိသောကွန်ယက်သုတေသနစမ်းသပ်ခန်းတွင် မျိုးဆက်သစ်အင်တာနက်၊ မိုဘိုင်းဖုန်းများနှင့် ကြိုးမဲ့ဒေသတွင်းကွန်ယက်များ (LANs)ကို လက်တွေ့အသုံးချနေသော ကွန်ယက်နည်းပညာများကို လေ့လာလျက်ရှိပါသည်။ ကွန်ပျူတာကွန်ယက်သည် မျက်မှောက်ခေတ်တွင် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပိုမိုအဆင့်မြင့်သော ၀န်ဆောင်မှုများနှင့် အသုံးချပရိုဂရမ်များကို ထောက်ပံ့နိုင်စေရန် သိသိသာသာတိုးတက်ရန် လိုအပ်သည်။ ဥပမာအားဖြင့်၊ ကွန်ယက်မှတစ်ဆင့် အဝေးထိန်းခွဲစိတ်ကုသခြင်းမှာ အခြားကန့်သတ်ချက်များ သို့မဟုတ် နည်းပညာဆိုင်ရာကန့်သတ်ချက်များကြောင့် လက်ရှိတွင် မဖြစ်နိုင်သေးပါ။ အကယ်၍ ကွန်ပျူတာကွန်ယက်တစ်ခုသည် သတင်းအချက်အလက်များကို ဝေးကွာသောနေရာများသို့ အချိန်နှင့်တပြေးညီ အပြန်အလှန်ဖလှယ်နိုင်ပြီး မြင့်မားသောယုံကြည်စိတ်ချရမှုရရှိအောင် တည်ဆောက်နိုင်မည်ဆိုပါက ဆေးဘက်ဆိုင်ရာစက်ရုပ်တစ်ရုပ်သည် လူသားဆရာဝန်တစ်ဦး၏ ညွှန်ကြားချက်များကိုလိုက်နာကာ လူ့စွမ်းရည်ကဲ့သို့ တိကျမှန်ကန်အောင် စွမ်းဆောင်နိုင်ပေမည်။ အချို့သောအခြေအနေများတွင် ကျွန်ုပ်တို့သည် လူသားအစား စက်ရုပ်ကို အသုံးပြု၍ ပိုမိုမြင့်မားသော တိကျမှန်ကန်မှုဖြင့် ခွဲစိတ်ကုသမှုပင် ခံယူနိုင်မည်ဖြစ်သည်။ အသိဉာဏ်ရှိသောကွန်ယက်သုတေသနခန်းတွင် ထိုကဲ့သို့သော အဆင့်မြင့်အသုံးချပရိုဂရမ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်သည့် ကွန်ပျူတာကွန်ယက်များကို သုတေသနပြုလုပ်လျက်ရှိသည်။

သုတေသနသော့ချက်စကားလုံးများမှာ B5G / 6G၊ IoT / M2M၊ VR / AR စသည်တို့ ဖြစ်သည်။ ပုံ (၁)တွင် ပြထားသည့်အတိုင်း ကွန်ယက်တစ်ခုတွင် အဓိကအပိုင်း သုံးပိုင်းပါ၀င်နေပြီး ကျွန်ုပ်တို့၏ သုတေသနလုပ်ငန်းများတွင် ယင်းအပိုင်းများအား အပြန်အလှန်ချိတ်ဆက်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

B5G (Beyond 5G) နှင့် 6G ဆိုသည်မှာ ၂၀၂၀ ခုနှစ်တွင် စတင်အသုံးပြုရန် စီစဉ်ထားသည့် မျိုးဆက်သစ် 5G ကြိုးမဲ့ကွန်ယက်ကို ဆိုလိုသည်။ 5G (သို့) LTEအဆင့်တွင်ပင် IoT သည် အသုံးချနယ်ပယ်တစ်ခုအဖြစ် မြင်တွေ့နေရပြီးဖြစ်သည်။ ကျွန်ုပ်တို့ သုတေသနခန်းတွင် ယခင်က အသံကွန်ယက်တစ်ခုသာဖြစ်ခဲ့သော ယနေ့ မိုဘိုင်းဖုန်းကွန်ယက်၊ မြန်နှုန်းမြင့်ဒေတာအတွက် တီထွင်ထားသော ကြိုးမဲ့ LAN ကွန်ယက် နှင့် IoT နှင့် ဘလူးတုသ် တို့အတွက်ရည်ရွယ်သော IEEE 802.15.4 ကွန်ယက် စသော အမျိုးမျိုးသောရှုထောင့်များမှတဆင့် B5G / 6G ဆီသို့ ချဉ်းကပ်လုပ်ဆောင်လျက်ရှိပါသည်။

IoT (Internet-of-Things) နှင့် M2M (Machine-to-Machine) ဆိုသည်မှာ ကွန်ယက်တွင်းသို့ အရာဝတ္ထုများကို ချိတ်ဆက်ခြင်းကို ဆိုလိုသည်။ မူလကကွန်ယက်ဆိုသည်မှာ လူတစ် ဦး နှင့်တစ် ဦး ကိုချိတ်ဆက်ပေးသည့် နည်းပညာသာဖြစ်ခဲ့သည်။ ကွန်ယက်တွင်းသို့ အရာများအား ချိတ်ဆက်ရန် ကြိုးပမ်းမှုများသည် ၂၀၀၀ခုနှစ်ခန့်တွင် စတင်ခဲ့ပြီး ယခုအခါ များစွာသောကားများ၊ အရောင်းစက်များ၊ မောင်းသူမဲ့လေယာဉ်များ၊ လက်ပတ်နာရီများ၊ ရုပ်မြင်သံကြားစက်များ၊ မျက်မှန်များ၊ သွားတိုက်တံ စသည်တို့ကို ကွန်ယက်ချိတ်ဆက်ပြီးဖြစ်သည်။ ကြိုးမဲ့ကွန်ယက်သည်အရာဝတ္ထုများကိုကွန်ယက်ချိတ်ဆက်ရန်မရှိမဖြစ်လိုအပ်သောနည်းပညာဖြစ်သည်။

VR (Virtual Reality) နှင့် AR (Augmented Reality) တို့သည် လူသားတို့၏သိမြင်ခံစားမှုကို ပြောင်းလဲစေသော နည်းပညာများ ဖြစ် သည်။ HMD (Head Mounted Display) ဟုခေါ်‌သော ဉီးခေါင်းတွင်ဝတ်ဆင်ရသည့် ကိရိယာများမှတစ်ဆင့် ကွန်ယက်ဖြင့် ချိတ်ဆက်ဖန်တီးထားသော လုံးဝပုံရိပ်ယောင်ကမ္ဘာသို့ ဝင်ရောက်ခံစားနိုင်ခြင်းကို VR ဟုခေါ်ဆိုပြီး ပုံရိပ်ယောင်များအား ပြင်ပလောကတွင် အစစ်အမှန်ကဲ့သို့ ပေါင်းစပ်ခံစားသိမြင်နိုင်မှုကို AR ဟုခေါ် ဆိုပါသည်။ HMD နှင့် ၃၆၀ ဒီဂရီကင်မရာတို့သည် VR နှင့် AR တို့၏အခြေခံရိယာများ ဖြစ်ပြီး ကွန်ယက်နှင့်ချိတ်ဆက်ထားခြင်းကြောင့် IoT ကိရိယာများဟုလည်း ဆိုနိုင်သည်။

ထိပ်ဆုံးသို့